မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်




MNP  -   ဒီဇင်ဘာ ၃၁

မြို့သန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့ဗျာဒိတ်ေတာ်ရသမိုင်းဝင်ရွှေနံတော်စေတီတော်ရင်ပြင်၌စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း များကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်နယ်မြေခံတပ်မတော်သားများ စုစုပေါင်း အင်အား (၂၅၀)ခန့်က စုပေါင်း၍  မြို့သန့်ရှင်း သာယာလှပရေး အတွက်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး  ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)