တာမွေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို လှုပ်ရှားမှု ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို လှုပ်ရှားမှု ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ




MNP ၊  ဒီဇင်ဘာ  ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီး ဌာနမှ စီစဉ်ကျင်းပသော ၂၀၂၃-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို လှုပ်ရှားမှုအဖြစ် အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ ရင်သွေးငယ်လေးများ၏ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အဆိုပါ အမှတ်(၅) မူလတန်းကြိုကျောင်းဝင်း အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အဆိုပါကျောင်းရှိ ရင်သွေးငယ်လေးများ အားရပျော်ရွှင်စွာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြို လှုပ်ရှားမှုအဖြစ် ပြုလုပ်သည့် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ သမီးငယ်လေးများက “ မျှော်လင့်နေတုန်း ပျို့ဖုန်းလှမ်းခဲ့ပါ ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ ရင်သွေးငယ်လေးများ၏ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲများကို အငယ်ဆင့်၊ အကြီးဆင့် သတ်မှတ် ၍ ဆက်လက်ကျင်းပခဲ့ရာ အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ ရင်သွေးငယ်လေးများ အားရပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ၂၀၂၃-ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို လှုပ်ရှားမှုအဖြစ် ပြုလုပ်သည့် ကျောင်း တွင်းကာယစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရင်သွေးငယ်လေးများ၏ မိဘအုပ်ထိန်းသူများက အားရဝမ်းသာစွာဖြင့် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)