(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းစုကျေးရွာ ဘီးနင်းကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းစုကျေးရွာ ဘီးနင်းကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ



MNP  -   ဒီဇင်ဘာ   ၂၆

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆိုင်းစုကျေးရွာ ဘီးနင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သာပေါင်းကျေးရွာအုပ်စု ဆိုင်းစုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ကျေးရွာတွင်းဘီးနင်းကွန်ကရစ်လမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ မြို့မရဲစခန်းမှူးဒုရဲမှူးဇော်နိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နိုင်နိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းအားကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါလမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရန်ပုံငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူ လုပ်အားထည့်ဝင်ငွေကျပ် ၃ သန်း စုစုပေါင်းကျပ် ၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် လမ်းအရှည် ၈၅၀ ပေ၊ အကျယ် ၂ ပေ ၆ လက်မ၊ ထု ၆ လက်မရှိကြောင်း ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါလမ်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်အကြီးအကဲများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


တင့်ဆွေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)