တနင်္သာရီမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်း



MNP  -  ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်မီးဘေးကြိုတင် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။


သင်တန်းဆင်းပွဲအခမ်းအနား၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက သင်တန်းကာလတွင် စာတွေ့ လက်တွေ့သင်္ခန်းစာများကို မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်မီးဘေးကြိုတင်ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်တို့က သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းဆင်းလက်မှတ် များပေးအပ်ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


၎င်းသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ ကြီးမှူး ၍ ကျေးရွာအသီးသီးရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦးတို့ တက်ရောက်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ (၆ ရက်မှ ၃၀)ရက်အထိ (၂၆)ရက်ဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးမျိုး မျိုးနိုင်ထံက သိရ သည်။


နန်းသာရီ-ထိန်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)