MNP - ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်ပသော ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ အလွတ်တန်းဘောလီဘော၊ စစ်တုရင်နှင့်စားပွဲတင် တင်းနစ်အားကစားပြိုင်များတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဘောလီဘော၊ စစ်တုရင်နှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရ အသင်းနှင့်အားကစားသမားများအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် တာဝန်ရှိသူများက ဆုများကိုတစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အလွတ်တန်းအားကစားပြိုင်ပွဲများဖြစ်သည့် ဘောလီဘောပြိုင်ပွဲအား အမှတ်( ၅)ရပ်ကွက် မြန်မာအာရ်ဘီသိပ္ပံကျောင်း၌လည်းကောင်း၊ စစ်တုရင်ပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌လည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌လည်းကောင်း ဒီဇင်ဘာ ၇ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငွေဆွေတာရာ ထံမှသိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment