ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၁)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၁)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်း



MNP -  ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၃၁) အခြေခံပညာ အထက်တန်းကျောင်း အောင်မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တာ၀န်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့် အတွက် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေကြောင်း၊ သက်ရွယ်တူအချင်းချင်း အသိပညာဗဟုသုတ ဖလှယ်ဆွေးနွေးခြင်းဖြစ်၍ အကျိုးကျေးဇူးများစွာရရှိ‌စေမှာဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးလည်း ရင်းနှီးနွေးထွေးမှုတွေရှိလာမှာ ဖြစ်ကြောင်း၊ မိမိတို့ကျောင်းသာမက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း စီစဉ်ကျင်းပဆောင်ရွက်ပေးစေလိုကြောင်း၊ ပညာရေးဌာနအနေဖြင့် အမြဲကြိုဆိုလျက်ရှိပါ‌ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားနောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ အမှတ် (၃၁) အ-ထ-က Grade(10) နှင့် Grade(11)မှ ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အနုပညာ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးစသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။    


ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ယနေ့ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲ ပြီးနောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများသည် ခန်းမအတွင်း ပြသထားသော စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။


ခင်စိမ်း၀င်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)