ဘင်္ဂလားဒေ့ရှ်သို့ ယွမ်ဖြင့်ရောင်းသည့် မြန်မာ့ဆန် တန်ချိန် ၂၀၀,၀၀၀ တင်ပို့မည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဘင်္ဂလားဒေ့ရှ်သို့ ယွမ်ဖြင့်ရောင်းသည့် မြန်မာ့ဆန် တန်ချိန် ၂၀၀,၀၀၀ တင်ပို့မည်

015

MNP ၊ ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် ၂၀၀,၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတာဝန်ရှိသူများက စက်တင်ဘာ ၈ ရက်က အရောင်းစာချုပ် ချုပ်ဆိုခဲ့ပြီး ပုသိမ်ဆိပ်ကမ်းမှ ဆန်တန်ချိန် ၃၀၀၀၀ မှ ၅၀၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဧည့်မထဆန် (၅ ရာခိုင်နှုန်းဆန်ကွဲပါ) တန်ချိန် ၂,၆၅၀ တင်ဆောင်ခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်မည့် MV MCL-7 သင်္ဘောဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဆိပ်ကမ်းရှိ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း Ayeyawady International Industrial Port- AIIP မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။


ပထမဆုံးအကြိမ် ဆန်တန်ချိန် ၂,၆၅၀ တင်ဆောင်ခြင်း လုပ်ငန်းစဉ်ကို အောက်တိုဘာ ၃၁ ရက်က တင်ပို့ခဲ့ပြီး MV MCL-7 သည် AIIP မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးမှ ဒေသထွက်ကုန်များ ပြည်ပသို့ တိုက်ရိုက် တင်ပို့ခြင်း အစပြုဖြစ်သည်။


ပုသိမ်စက်မှုဆိပ်ကမ်းရှိ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း AIIP တွင် နိုဝင်ဘာ ၂ ရက်တွင် ဧရာဟင်္သာကုမ္ပဏီထံမှ MV MCL-7 သင်္ဘောဖြင့် ဆန်တန်ချိန် ၂,၆၅၀၊ MV MCL-21 သင်္ဘောဖြင့် နိုဝင်ဘာ ၇ ရက်တွင် ၂,၆၁၅ တန်ကို လည်းကောင်း၊ MV MCL-12 သင်္ဘောဖြင့် နိုဝင်ဘာ ၁၃ ရက်တွင် တန်ချိန် ၂,၆၅၀ ကို လည်းကောင်း၊ MV MCL-18 သင်္ဘောဖြင့် နိုဝင်ဘာ ၂၂ ရက်တွင် တန်ချိန် ၂,၆၅၀ ကို လည်းကောင်း စုစုပေါင်း တင်ပို့သည့် ဆန်တန်ချိန်မှာ  ၁၀,၅၆၅ ဖြစ်ကြောင်း သိရသည်။


AIIP မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၅၀ ကီလိုဂရမ်ရှိသော ဧည့်မထဆန်အိတ် စုစုပေါင်း ၂၁၁၃၀၀ အိတ် ပို့ဆောင်ခဲ့ပြီး လျာထားချက် ဆန်တန်ချိန် ဒုတိယအသုတ်ကို ဆက်လက်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဒုတိယအသုတ်မှ ဆန်တန်ချိန် ၂၆၁၀ ကို MV MCL-19 သင်္ဘောဖြင့် ဒီဇင်ဘာလ ၁ ရက်တွင် ဆန်တန်ချိန် ၂၆၁၀၊ MV MCL-12 သင်္ဘောဖြင့် ဒီဇင်ဘာလ ၈ ရက်တွင် ဆန်တန်ချိန် ၂၆၅၀  စုစုပေါင်း တင်ပို့သည့် ဆန်တန်ချိန်မှာ  ၅၂၆၀ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ .


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ကြီးကြပ်မှုအောက်တွင် ကုမ္ပဏီ ၄၈ ခုမှ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်ယွမ်ငွေဖြင့် ရောင်းချသည့် မြန်မာ့ဆန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀,၀၀၀ တင်ပို့မည်ဖြစ်သည်။


စာချုပ်အရ  ဆန်ဖြူ (ATAP) GPCT Broken STX အမျိုးအစားများကို ပို့ဆောင်ပေးမည်ဖြစ်ပြီး FOB ဈေးနှုန်းများမှာ တစ်ကီလိုလျှင် ၂.၇၈၈၅၆ ယွမ်(တစ်တန်လျှင် ၂၇၈၈.၅၆ ယွမ်)ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်/သွင်းကုန်ဌာနခွဲမှ ယွမ်ငွေ ၅၃၄ သန်းကျော် တန်ဖိုးရှိ ပို့ကုန်လိုင်စင် ၄၂ ခု ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၁၉၁၇၀၀ တင်ပို့ရန်အတွက် ကုမ္ပဏီ ၄၁ ခုအတွက် ပို့ကုန်လိုင်စင် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages