တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်နိုင်စေရေး ဆိုလာလျှပ်စစ်ရေတင် စီမံကိန်းစနစ် အကောင်အထည်ဖော် စိုက်ပျိုးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်နိုင်စေရေး ဆိုလာလျှပ်စစ်ရေတင် စီမံကိန်းစနစ် အကောင်အထည်ဖော် စိုက်ပျိုးခြင်းဆောင်ရွက်



MNP - ဒီဇင်ဘာ ၁၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆိုလာလျှပ်စစ်ရေတင် စီမံကိန်းစနစ် အကောင်အထည်ဖော် စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကာ တောင်သူများ၏ လူမှုစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဆိုလာလျှပ်စစ် ရေတင်စနစ်ဖြင့် စိုက်ပျိုးခြင်းကို ကန်းနီလျှပ်စစ် မြစ်ရေ တင်စီမံကိန်းတွင် ၃၄၇ ဧက၊ ကျောက်စံလျှပ်စစ် မြစ်ရေတင်စီမံ ကိန်းတွင် ၄၇၅ ဧက၊ အောင်ပင်လယ် လျှပ်စစ်ရေတင် စီမံကိန်းတွင် ၅၉ ဧကနှင့် ကိုင်းတောကြီး လျှပ်စစ်ရေတင် စီမံကိန်းတွင် ၁၃ ဒသမ ၇၅ ဧကဖြစ်၍ စုစုပေါင်း ၈၉၄ ဒသမ ၇၅ ဧက ဖြစ်ပြီး မနောသုခ၊ ဧရာမင်း၊ ဆင်းသုခ၊ ကောက်ညှင်း၊ ပေါ်ဆန်းရင်၊ ရက် ၁၀၀နှင့် ချမ်းမြေ့မေ စပါးမျိုး များ စိုက်ပျိုးကြကြောင်း သိရသည်။


ထိုသို့ စိုက်ပျိုးရာတွင် မင်းဘူး(စကု)မြို့နယ်၌ ယခင်က မိုးရေတစ်မျိုးတည်းကိုသာ အဓိကထား စိုက်ပျိုးနေရသဖြင့် တောင်သူများအဖို့ မိုးတွင်းရောက်မှသာ သီးနှံများ စိုက်ပျိုးကြရသည်။ ယခုအခါ မိုးရေ၊ ဆည်ရေများအပြင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မြစ်ရေ၊ ချောင်းရေနှင့် မြေအောက်ရေများပါ စုတ်တင် ၍ စိုက်ပျိုးနိုင်ပြီး စပါးအပြင် နေကြာ၊ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံစိုက်ပျိုးပြီး သီးထပ်၊ သီးညှပ်များဖြင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ကာ ဒေသတွင်းမှပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်တော့မှာဖြစ်သလို စိုက်ပျိုးရေ လုံလောက်စွာရရှိမှုကြောင့် လယ်/ယာမြေများ အောင်မြင်ဖြစ်ထွန်းသဖြင့် ဒေသခံတောင်သူများ၏ လူမှုဘဝစီးပွားရေးများ ဖွံ့ဖြိုး တိုးတက်လာပေဦးတော့မည်ဖြစ်သည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)