ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ တက်ရောက်အားပေး

 


MNP - ဒီဇင်ဘာ ၇


ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီ၊ပြည်နယ် အဆင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးဆပ်ကော်မတီနှင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ပြင်ပိုက်ဆက်သင်တန်း (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ တက်ရောက်အားပေးခဲ့ကြသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်ကလေးအလုပ်သ မားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ယခုလို သက်မွေးပညာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် မည်သည့်ပညာရပ်ကိုမဆို ကြိုးစားလေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင်လည်း သက်မွေး ပညာရပ်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း မှာကြားသည်။


ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ယနေ့သင်တန်းကို စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ ကုန်ထုတ်လုပ်မှုစသည့် လုပ်ငန်းကဏ္ဍများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးပြီး သင်တန်းဆင်းများကို အလုပ်ခန့်ထားပေးခြင်းဖြင့် မိသားစုဝင်ငွေရရှိစေရန်၊ လူမှု စီးပွားဘဝတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် သက်မွေးပညာများကို အလေးထား သင်ယူမှတ်သားပြီး ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်မှုခံယူ၍ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြား သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့မှ စ၍ ၂၀.၁၂. ၂၀၂၂ ရက်နေ့ထိ တက်ရောက်သင်ကြားသင်ယူကြမည့် သင်တန်းဆရာများ၊ သင်တန်းသား(၂၀) ဦးတို့ နှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ခဲ့ကြသည်။


ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီအနေဖြင့် ယနေ့ဖွင့်လှစ်သည့် ပိုက်ပြင်ပိုက် ဆက်သင်တန်း (၁/၂၀၂၂)အပြင် ပြည်နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း (၂)ကြိမ်၊ အခြေခံဂဟေ ဆက်သင်တန်း (၃) ကြိမ်နှင့် ဒီဇယ်တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်း (၁)ကြိမ် စုစုပေါင်း သက်မွေးသင်တန်း (၆) ကြိမ် တွင် ဒေသခံတိုင်းရင်းသား (၁၇၅)ဦးတို့အား သင်ကြားပေ းနိုင်ခဲ့ကြောင်းနှင့် အလားတူ ၈.၁၂.၂၀၂၂ ရက်နေ့တွင်လည်း ပူတာအိုမြို့၌ အခြေခံဂဟေဆက် သင်တန်းကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရှိရသည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ပိုင်ရှင် ဦးကျော်မြင့်၏ အသေးစားအိမ်တွင်းမှု ရက်ကန်းစက်ရုံ၌ စက်ရက်ကန်းနှင့် လက်ရက်ကန်းခုံများဖြင့် ရိုးရာအဝတ်အထည်များ ရက်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးကွက် တင်ပို့ရောင်းချမှု အခြေအနေနှင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေမှုအခြေအနေတို့ကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာအဝတ်အထည်ထုတ်လုပ်သည့် ရက်ကန်းလုပ်ငန်းသည် အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားရေး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)