တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေသဖွံဖြိုးရေးလုပ်ငန်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေသဖွံဖြိုးရေးလုပ်ငန်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


121

122


MNP  -  ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သို့ရောက်ရှိပြီး ပန်းလှိုင်မြစ်ကူးတံတားတည်ဆောက်ရန် လမ်းအူကြောင်းနေရာလျာထားမှုအခြေအနေနှင့် မြစ်ကမ်းထိန်းတာဆောက်လုပ်နေမှုအခြေနေများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စိုက်ပျိုးသီးနှံများအား စနစ်တကျစိုက်ပျိုးကြရန်နှင့် လိုအပ်သောထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသွင်းအားစုများဖြစ်သည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ရွတ်ဖျန်းမြေဩဇာနှင့် ယူရီးယားမြေဩဇာတို့ကို တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထက်ဝေဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages