(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ



MNP -  ဒီဇင်ဘာ ၁၉

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီ ၃၀ အချိန်က ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး  ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင် က ပြိုင်ပွဲအတွက် ကျပ် (၁၀) သိန်းနှင့်  ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သန္တာဝင်းက ပြိုင်ပွဲအတွက် ဘောလုံး(၂)လုံးအား ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က လက်ခံရယူပေးခဲ့သည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကဖျော်ဖြေတင်ဆက်မှုများဖြင့် ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားအား ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဇင်ဝင်းထွန်း၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်ကျော်ထွန်း၊ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန်းခိုင်၊ ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/  ကျေးရွာ အုပ်ချုပ်ရေးမှူးမှူးများ ဘောလုံးဝါသနာရှင် ဒေသခံပြည်သူများ တက်ရောက်ကြပြီး  အဖွင့်ပွဲစဉ်အဖြစ် ကတွင်းခြံအသင်းနှင့် ဇိုင်း/တောင် အသင်းတို့၏ ယှဥ်ပြိုင်ကစားပုံများကို ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)