ပုဗ္ဗသီရိမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကျင်းပ





MNP  -  ဒီဇင်ဘာ  ၂၉

ပြည်ထောင်စုနယ်မြေ၊   ​​နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျည်တောင်ကန်အားကစားကော်မတီမှ ကြီးမှူးကျင်းပသည့်  ရပ်ကွက်နှင့် ကျေးရွာအုပ်စု အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၈ ကို ယမန်နေ့မွန်းလွဲ  ၃ နာရီက အမှတ်(၁) ရပ်ကွက် အားကစားကွင်း၌ ကျင်းပခဲ့သည်။


အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျည်တောင်ကန်အားကစားကော်မတီမှ ကြီးမှူးကျင်းပသည့်  ရပ်ကွက်နှင့် ကျေးရွာအုပ်စု အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အမျိုးသားဘောလုံးအသင်း ၁၀ သင်းဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယမန်နေ့က ယှဉ်ပြိုင်ခဲ့ကြသည့် အုပ်စု (B)  ၏ အုပ်စုတွင်းပွဲတစ်ပွဲဖြစ်သည့်  ကြိတ်တဲကုန်းအသင်းနှင့် သုခဒီပအသင်းတို့ပွဲစဉ်တွင် ကြိတ်တဲကုန်းအသင်းမှ သုခဒီပအသင်းအား တစ်ဂိုး ဂိုးမရှိဖြစ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲ၏ Semi- Final ပွဲစဉ်များကို ဒီဇင်ဘာ ၃၁နှင့် ဇန်နဝါရီ ၁ရက်နေ့တွင်လည်းကောင်း၊ တတိယနေရာလုပွဲအား ဇန်နဝါရီ ၃ ရက်နေ့တွင်လည်းကောင်း၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းများအား ဇန်နဝါရီ ၄ ရက်နေ့တွင်လည်းကောင်း အသီးသီးပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။


သားငယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)