မိုင်းခတ်မြို့နယ်၌ ဒီဇင်ဘာလနောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အကြောလျော့လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်မြို့နယ်၌ ဒီဇင်ဘာလနောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အကြောလျော့လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်



MNP  -  ဒီဇင်ဘာ ၃၁

၂၀၂၂ ခုနှစ် ဒီဇင်ဘာ အားကစားလ၊ လူထုအားကစားလှုပ်ရှားမှု အနေဖြင့် (နောက်ဆုံးပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်း ၅ နာရီခွဲ အချိန်က ပြုလုပ်ခဲ့သည်။


လမ်းလျှောက်ပွဲသို့ မိုင်းခတ်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေး‌အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး‌မှူးဦးမြင့်စိုး၊ အဖွဲ့ဝင်ဦးစိုင်းအေးမောင်‌၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအေးထွန်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဦးကျော်ဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား/သူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တက်ရောက်ကြပြီး မြို့မဈေးရှေ့‌အဝိုင်းပတ်လမ်းစုံမှတစ်ဆင့်မိုင်းခတ်-ကျိုင်းတုံသွားလမ်းအတိုင်း စုပေါင်း လမ်းလျှာက်ခဲ့ကြပြီး မြို့မအားကစားကွင်းတွင် ကိုယ်ကာယလေ့ကျင့်ခန်းများ၊ အကြောလျော့လေ့ကျင့်ခန်းများကို စုပေါင်းလုပ်ဆောင် ခဲ့ကြသည်။


ဆက်လက်၍ ဒီဇင်ဘာအားကစားလလျှပ်တစ်ပြက် အားကစားပြိုင်ပွဲ ပိုက်ကျော်‌ခြင်း ဗိုလ်လုပွဲကိုယနေ့မွန်းလွှဲ ၁ နာရီတွင် မြို့နယ်ကားကစားကွင်း (စွပ်ပလောင်း)၌ ယှဉ်ပြိုင်ကျင်းပပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဦးကျော်ဌေးထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)