ဂွမြို့နယ်တွင် မိုဘိုင်း စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မိုဘိုင်း စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး




MNP  -   ဒီဇင်ဘာ   ၂၁

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်  စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာငှား/စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက်

စာအုပ်စာစောင်များ ( အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရုံးဌာနများအရောက် သွားရောက်ငှားရမ်း ပေးခဲ့သည်။

ထိုသို့ ငှားရမ်းပေးရာတွင် သုတ၊ရသ၊ဝတ္တုစာအုပ်များ၊မဂ္ဂဇင်းစာအုပ်များကို မြို့နယ်ထွေ/အုပ်၊ စားသုံးသူရေးရာ၊လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာနနှင့် အမှတ်(၈၅)သစ်စက်သို့ တစ်ပတ်လျှင်   တစ်ရက် ငှားရမ်းပေးပြီး တစ်ပတ်ပြည့်လျှင် ပြန်လည် လဲလှယ်ငှားရမ်းပေးသည့်စနစ်ဖြင့် (အခမဲ့)ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)