နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သီးထပ်စွမ်းအားမြင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သီးထပ်စွမ်းအားမြင့်မားရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

 


MNP - ဒီဇင်ဘာ ၃


နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သီးထပ်စွမ်းအားမြင့်မားရေး ဆောင်းသီးနှံ၊ နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ကျောက်ချက်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဇေယျာသီရိမြို့နယ်အတွင်း သီးထပ်စွမ်းအားမြင့်မားရေး ဆောင်းသီးနှံ၊ နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်၊ မျိုးလိုအပ်ချက်၊ နည်းပညာလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်းနှင့် ယခုတွေ့ဆုံပွဲတွင် တောင်သူများအနေဖြင့် မိမိတို့ရဲ့လိုအပ်ချက်များကို ပွင့်လင်းစွာတင်ပြတောင်းဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးပြေသိန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သီးထပ်စွမ်းအားမြင့်မားရေး ဆောင်းသီးနှံ၊ နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဌာနမှကူညီပံ့ပိုးပေးမည့်အခြေအနေများ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများ၊ စက်မှုလယ်ယာဝန်ဆောင်မှုပေးမည့်ကဏ္ဍများနှင့် အကျိုးတူလယ်ယာ စနစ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဒေသခံတောင်သူများ၏ လိုအပ်ချက်များ တင်ပြလာမှုအပေါ် နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။     


ဇေယျာသီရိမြို့နယ်တွင် ယခုနှစ်နွေရာသီတွင် နွေစပါးစိုက်ပျိုးဧက ၃၅၉ ဧကနှင့် မတ်ပဲပြီးချိန်တွင် ပဲတီစိမ်း၊ နှမ်းနှင့် နေကြာကို ၅၈၅၃ ဧကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - ထွန်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)