ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာတွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာတွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကျင်းပ




MNP  -  ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာ၊ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း၌ ဖျာပုံမြို့၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယနေ့နံနက် (၅)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ၂၇၆၂ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရာတွင် ဦးစွာ ကရင်အမျိုးသား အလံတင် အခမ်းအနား ပြုလုပ်ခဲ့ပြီး ခန်းမဆောင်၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့ရာ လေးပင်ချောင်ကျေးရွာ ကရင်နှစ်ခြင်းအသင်းတော် အသင်းအုပ်ဆရာစောဒဲလွဲထူးက အဖွင့်ဆုတောင်းပေးပြီး ဖျာပုံမြို့၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးမန်းနံ့သာက နှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်ရသည့်အ‌ကြောင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးစောနေနိုင်ထွန်းက အမှာစကား ပြောကြားပြီးနောက် ဆရာမ  နော်ချိုချိုလွင်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ဆရာကြီးစောကနေဒီက ကရင်လူမျိုးတို့၏ ဇာတိဒေသနှင့် မြန်မာပြည်သို့ စတင်ရောက်ရှိနေထိုင်လာသည့် သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကရင်အမျိုးသားသီချင်းကို သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းပြီး တက်ရောက် လာကြသော ဧည့်ပရိသတ်များအား ထမင်းဘူးများ ဝေပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)