မိုးညိမြို့နယ်တွင် မီးဘေးသင့်နေအိမ်(၃)လုံးမှ မိသားစုများအားထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိမြို့နယ်တွင် မီးဘေးသင့်နေအိမ်(၃)လုံးမှ မိသားစုများအားထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်


MNP ၊   ဒီဇင်ဘာ ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ ရွှေသောင်ပိုင်းတွင် ဖြစ်ပွားခဲ့သောမီးဘေးသင့်နေအိမ်(၃)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းသိဒ္ဓိ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးလွင်နှင့်ဝန်ထမ်းများ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက မီးဘေးသင့်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့‌ငွေ (၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၃)စုရှိလူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၉၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၉၄၀၀/-)ကျပ်နှင့် ပျက်စီးနေအိမ်(၃)လုံးအတွက်ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုး(ပလပ်စတစ်ပုံး)အပါ(၃)အိမ်ထောင်စာ တန်ဖိုးငွေ (၁၄၇၁၀၈/-)ကျပ်တို့အားမီး‌ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

                             

ကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)