စလင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း (၆၆/၆) ရှိစာရင်းအား ကွင်းဆင်းကောက်ယူရေး သင်တန်းများဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း (၆၆/၆) ရှိစာရင်းအား ကွင်းဆင်းကောက်ယူရေး သင်တန်းများဖွင့်လှစ်ပို့ချ

 




MNP - ဒီဇင်ဘာ  ၆


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စည်သူအစည်းအဝေးခန်းမ ဆောင်တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ (၆၆/၆) ရှိစာရင်းအား မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးအတွက် သင်တန်းကို တတိယမြောက်နေ့အဖြစ် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိနက ကျင်းပပြုလုပ်ခဲ့သည်။ စလင်းမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း (၆၆/၆) ရှိစာရင်းများအား ကွင်းဆင်းကောက်ယူနိုင်ရေးသင်တန်းကို တတိယမြောက်နေ့အဖြစ် သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စလင်းမြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးတင်အေးမှ  မြေပြင်တိုက်ဆိုင်စစ်ဆေးမည့်လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် မြေပြင်လဦးရေစာရင်း (၆၆/၆) စာရင်းကောက်ယူရေးပုံစံများမှ လုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်ရမည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ထိုစာရင်းအား ကွင်းဆင်းစာရင်းကောက်ယူရေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာရင်းကောက်ယူရေးနှင့် စာရေးသွင်းခြင်းလုပ်ငန်းများ၊ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းများပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၁၀)တို့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဌာနအကြီးအကဲများနှင့် သက်ဆိုင်ရာဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာနနှင့်ပညာရေးဌာနတို့မှ ဆရာ၊ ဆရာမများကို အဖွဲ့များခွဲ၍ တာဝန်များပေးအပ်ခဲ့ပြီးဖြစ်ရာ၊ သင်တန်းအား ဒီဇင်ဘာ (၂) ရက်နေ့တွင် မြို့ပေါ် (၁၁)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ၊ ပညာရေး၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ဒီဇင်ဘာ(၃)ရက်နေ့တွင် ကျေးရွာအုပ်စု (၉၉)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်ရာအိမ်မှူး (၁) ဦးစီနှင့် သင်တန်းသား (၂၉၇) ဦး၊ ဒီဇင်ဘာ (၅) ရက်နေ့နေ့လည်တွင် ပညာရေးနှင့်ကျန်းမာရေးဌာနတို့မှ ဝန်ထမ်း (၁၉၈) ဦး၊ မြေပြင်စာရင်းကောက်ယူရန် သင်တန်းများဖွင့်လှစ်ပို့ချခဲ့သည်။ မြို့နယ်အတွင်းရှိရပ်ကွက်နှင့်ကျေးရွာပေါင်း (၄၁၇) ရွာတို့ရှိ  ပြည်သူလူထု မိသားစုများ၏ အိမ်ထောင်စုစာရင်းများကောက်ယူနိုင်ရန် သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းကို မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)