ရခိုင်ပြည်နယ် မောင်တောမြို့၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ အန္တရာယ်သတိပေးလမ်းညွှန်များ ဆောင်ရွက်ပြီးစီးမှု များအား တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ လမ်းညွှန်ဆိုင်းဘုတ်များ၊ အန္တရာယ်သတိပေးလမ်းညွှန်များ ဆောင်ရွက်ပြီးစီးမှု များအား တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေး





MNP -  ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့၌ လမ်းအသုံးပြုသူများ အန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်စေရေးအတွက် ရည်ရွယ်၍ မောင်တောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော ငွေတောင် - သာယာကုန်း - မကျည်းကုန်းကျေးရွာချင်းဆက်လမ်း(၂/၆.၆)မိုင်ပေါ်၌ ဆောင်ရွက်ထားရှိသည့် လမ်းညွှန်ဆိုင်းဘုတ် များ၊ အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူပြီးစီးမှုအခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များကွင်းဆင်းစစ်ဆေးရာ ဦးစီးအရာရှိ(မြို့ပြ) ဦးခင်မောင်ဦးမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)