ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ




MNP  -   ဒီဇင်ဘာ     ၂၁

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  (၇၅ )နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာကြည့်တိုက်သို့လာရောက်၍  စာဖတ်သည့်အလေ့အထကောင်းများဖြစ်လာစေရန်၊  အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန် ရည်ရွယ်လျက် ယနေ့ မွန်းတည့် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပပြုလုပ်ကြသည်။

    ထိုသို့ ဆေးရောင်ခြယ်  ပြိုင်ပွဲကျင်းပရာတွင်  ရှေ့ဦးစွာ   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ  ဦးစီးအရာရှိဒေါ်အောင်တင်ကြည်က ကျောင်းသား/ကျောင်းသူကလေးများအတွက်ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။  ဆက်လက်ပြီးပြိုင်ပွဲကို ရမ်းဗြဲမြို့၊အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၊ လောင်းချောင်းမှ Grade -5 ‌ ကျောင်းသား/ကျောင်းသူများမှ ကျောင်းသား/ကျောင်းသူ (၂၀) ဦးမှပါဝင်ယှဉ်ပြိုင်ခဲ့သည်။

      ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲတွင်ဆုရရှိကြသူများအား ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)