ရခိုင်ပြည်နယ်၊ မောင်တောမြို၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ မောင်တောမြို၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP  -     ဒီဇင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက ခရိုင်(Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ စာရင်းကောက်ယူခြင်း၊ စာရင်းထုတ်ပြန်ခြင်းများ၊ မြေပြင်ရှိ နှင့် အိမ်ထောင်စု လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေတစ်ခုချင်းစီအား မှန်ကန်သော စာရင်းရရှိရေး မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများအား ဌာနဆိုင်ရာများက အတူတကွ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းပြောကြားပြီး   ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက်  ဆောင် ရွက်မည့်အစီအစဉ်များ၊ အားကစားပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေးနိုင်ရေး ဆောင်ရွက်ထားသည့် အခြေအနေများအား သိရှိလိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။


ထို့နောက် တက်ရာက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မောင်တောနှင့် ဘူးသီးတောင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လူဦးရေစာရင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ ခရိုင်/မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းကာ  လုပ်ငန်းများအားအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်  မြေပြင်လူဦးရေးစာရင်းကောက်ယူရန် လျာထားသည့် အစီအစဉ်များ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး အထိမ်းအမှတ် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားသည့်အခြေအနေများနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေး တင်ပြကြရာလိုအပ်သည်များကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)