၂၀၂၂-၂၀၂၃ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုနှင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုနှင်းပွဲကျင်းပ



MNP - ဒီဇင်ဘာ ၂၇

တောင်ကြီးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုနှင်းပွဲကို ယမန်နေ့နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။


ဦးစွာ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွင် တောင်ကြီးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၊ ပညာရေး ဒီဂရီကောလိပ်(တောင်ကြီး)တို့မှ ကျောင်းသား၊ ကျောင်းသူများများမှ စာစီစာကုံးတွင် လွတ်လပ်ရေး၏ အနှစ်သာရ၊ ကဗျာတွင် လွတ်လပ်ရေး အောင်လံမြူးလွင့်ချိန်၊ ဆောင်းပါးတွင် လွတ်လပ်ရေးအမွေ အမြဲတည်တံ့ပါစေ ခေါင်းစဉ်များဖြင့် ဖြေဆိုနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။


ဆက်လက်၍ တောင်ကြီးတက္ကသိုလ်သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုနှင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပညာသင်နှစ်တွင် ဝင်ခွင့်ရကျောင်းသားဦးရေမှာ အမျိုးသား(၃၉၄)ဦး၊ အမျိုးသမီး(၁၂၉၅)ဦး၊ စုစုပေါင်း(၁၅၂၉)ဦးဖြစ်ပြီး ပထမနှစ် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်း၊ အထူးပြုဘာသာဖြင့် ဝင်ရောက်သူ မြန်မာစာ(၃၄)ဦး၊ အင်္ဂလိပ် ဘာသာရပ်(၁၀၄)ဦး၊ ပထဝီဘာသာရပ်(၄၉)ဦး၊ သမိုင်း(၅၀)ဦး၊ သတ္တနိက(၄၃)ဦး၊ စိတ်ပညာ(၃၆)ဦး၊ ဥပဒေပညာရပ်(၇၉)ဦး၊ အရှေ့တိုင်းပညာရပ်(၂၉)ဦး၊ ဓါတုဗေဒ(၇၃)ဦး၊ ဇီဝဗေဒ(၅၀)ဦး၊ ရှုပါဗေဒ(၈၁)ဦး၊ သင်္ချာ်(၈၆)ဦး၊ သတ္တဗေဒ(၉၂)ဦး၊ ရုက္ခဗေဒ(၈၉)ဦး၊ အနုဇီဝ(၄)ဦး၊ ဘူမိဗေဒ(၅၆)ဦး၊ စီးပွားရေးပညာ(၅၄)ဦး အသီးသီးဝင်ခွင့်ရရှိခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ကို အလေးအနက် ထားသောကြောင့် မောင်တို့မယ်တို့ကို ကြိုဆိုရခြင်းဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည်ပထမနှစ်မှ နောင်အနာဂတ်တွင် ပေါ်ထွန်းလာမည့် သားကောင်းသမီးကောင်း ရတနာလေးနှင့် အနာဂတ်၏ မျိုးဆက်သစ် အရာရှိများ ပေါ်ထွန်းမည့်သူဖြစ်သည့်အတွက် အစိုးရအဖွဲ့မှ လာရောက်ကြိုဆိုခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုနှင်းပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း (၃၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်မှ လက်ခံရယူပြီး ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆိုအက၊ အရေး၊ အတီး ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် အဆိုပြိုင်ဝင် မမေသူဝင်းက သီဆိုဖျော်ဖြေ၍ တောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်က မိတ်ဆက်စကားပြောကြားပြီး ပညာရည်ချွန် ဆုရရှိကြသူများနှင့် စာပေ၊အနုပညာ၊ အားကစားကဏ္ဍများမှ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် လက်ရွေးစင် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်တို့ကဆုများချီးမြှင့်ပေးပြီး ၂၀၂၂ ခုနှစ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် အကပြိုင်ပွဲဝင် မောင်ချစ်သူမောင်၏ အကဖြင့် ဖျော်ဖြေ၍ ပညာရည်ချွန်ဆုရရှိကြသူများနှင့် စာပေ၊ အနုပညာ၊ အားကစားကဏ္ဍများမှ ခရိုင်အဆင့် ပြည်နယ်အဆင့် လက်ရွေးစင်ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များမှ ဆုများအသီးသီးချီးမြှင့်ပေးကြပြီး တောင်ကြီးတက္ကသိုလ် နန်းဝတီဆောင်ကျောင်းသူများမှ ရှမ်းအကဖြင့် ဖျော်ဖြေကြကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)