အကြမ်းဖက် အဖွဲထံသိုရောင်းချမည့် လက်နက်ခဲယမ်းများဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက် အဖွဲထံသိုရောင်းချမည့် လက်နက်ခဲယမ်းများဖမ်းမိ







MNP ၊ ဒီဇင်ဘာ ၁၇

ယမန်နေ့က လုံခြုံရေးပူးပေါင်း အဖွဲ့သည် သတင်းအရ နမ့်စန်-ခိုလမ်သွားကားလမ်း၊ နမ့်မော်ခေါက်ဆင့် ကျေးရွာအနီး၌ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး၏ တူးဘောက်အတွင်းမှ အကြမ်းဖက်သမားများထံ ရောင်းချမည့် ပစ္စတိုသေနတ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


လုံခြုံရေးပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့ဘက်မှ ခိုလမ်မြို့ဘက်သို့ စိုင်းစွမ်ဝမ်း (ခ)စိုင်းညွန့်လူ(ဘ)ဦးဆန်ဆု၊ ၃၃ နှစ် နှင့် မနန်းနောင့်ခမ်း(ဘ) ဦးလုံးဆု၊ ၃၃ နှစ်ဟိုမိန်းမြိုနေသူ  မောင်းနှင်လာသော ယာဉ်အမှတ်၊ SHN 7K-6569(REVO/ ခဲရောင်) (လိုင်စင်မဲ့)၁ ခန်းခွဲ မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေး ခဲ့ရာ အဆိုပါယာဉ်၏ ယာဉ်မောင်းထိုင်ခုံအောက် တူးဘောက်အတွင်းမှ SIG တံဆိပ်ပါ အနက်ရောင် ကော်သေတ္တာဗူးအတွင်း ထည့်ထားသော အမေရိကန် နိုင်ငံလုပ် SIG SAUER ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်အိမ် ၂ ခုစီပါ ဗူး ၅ ဗူး၊ စုစုပေါင်းပစ္စတို သေနတ် ၅ လက်နှင့် ၎င်းကျည်အိမ် ၁၀ ခုတိုအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)