သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးလျက်ရှိ



MNP -  ဒီဇင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက် ၇ နာရီကစတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်ထုတ်ယူရာတွင် လစဉ် ၂၁ ရက်မှ ၃၀ ရက်အထိ သဲကုန်းမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ်နံနက် ၇ နာရီမှ ၁၂ နာရီအထိထုတ်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သောပင်စင်စားများအား လဆန်းပိုင်း ဘဏ်လုပ်ငန်းချိန်တွင် ပင်စင်လစာငွေများ ထုတ်ပေးမည်ဖြစ်ပြီးသဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှမြို့ပြပင်စင်(၁၀၄၆)ဦး၊ကာကွယ် ရေးပင်စင်(၂၉၉)ဦး၊ နိုင်ငံရေးပင်စင်(၁၉၇)ဦး၊စုစုပေါင်းပင်စင်စား (၁၅၄၂) ဦး ရှိကြောင်း မြို့နယ်မြန့်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။ 

ဝင့်နန္ဒာဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)