တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ် (အကြို) ကဗျာလွတ်အကပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ် (အကြို) ကဗျာလွတ်အကပြိုင်ပွဲကျင်းပ




MNP - ဒီဇင်ဘာ ၁၇


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကဗျာလွတ်အကပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်  ကျင်းပသည်။


ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ပြောကြားပြီးနောက် Golden Future  ကိုယ်ပိုင်ကျောင်းမှ အမျိုးသားအဖွဲ့လိုက် ကဗျာလွတ်အကပြိုင်ပွဲတွင်  ကျောင်းသား (၁၃)ဦး၊ အမျိုးသမီးအဖွဲ့လိုက် ကဗျာလွတ်အကပြိုင်ပွဲတွင် ကျောင်းသူ(၁၆)ဦး၊ အငယ်တန်းအဆင့် အဖွဲ့လိုက်ကဗျာလွတ်အကပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲတွင်  အကဲဖြတ်ဒိုင်အဖြစ် မြို့နယ်သဘင်အစည်းအရုံအဖွဲ့ နာယက ဒေါ်နွဲ့နွဲ့ဝင်း (နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်)၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား) နှင့် အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)တို့က ဆောင်ရွက်ကြပြီး၊ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်စန္ဒီဦး၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ဝေမွန်သက်နှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


 သတင်း - တင်စိုးလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)