ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ(ဒုတိယည) ဖျော်ဖြေမှုများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ(ဒုတိယည) ဖျော်ဖြေမှုများအား ကြည့်ရှုအားပေး





MNP  -  ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် ဒီဇင်ဘာလ ၂၃ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ (ဒုတိယည)  သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ကရင်အနုပညာရှင် များအဖွဲ့ (KCO)၏ သီဆိုဖျော်ဖြေမှုများ၊ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြဖျော်ဖြေကြသည့် ကရင်ရိုးရာ ယဉ်ကျေးမှုဒုံး အဖွဲ့များ၊ မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများ၊ မွန်၊ ဗမာ၊ ပအိုဝ်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ရိုးရာယဉ်ကျေးမှုအကများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)