ပုဏ္ဏားကျွန်းမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ




MNP  -  ဒီဇင်ဘာ ၃၁

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့၊ ညနေ (၃)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။


အဆိုပါအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက ပြိုင်ပွဲဝင် လူငယ်အားကစားသမားများ အချင်းချင်း ချစ်ခင်ရင်းနှီးကြစေရန်၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဖူဆယ်ဘောလုံး ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် လူငယ်ကလပ်အသင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ကျား/ မ မီတာ(၁၀၀)အပြေးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲစသည်တို့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ၊ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည့်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)