မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာတတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ




MNP - ဒီဇင်ဘာ ၁၇


မလှိုင်မြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၅ နာရီအချိန်တွင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ မြို့မအားကစားကွင်းအထိ အသွား/အပြန် စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ဘော်ဒါဆောင်များမှ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသား/ သူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၉၂၈) ဦးခန့် စုပေါင်းလမ်းလျှေက်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့မအားကစားကွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးသွေးပူလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၂ခုနှစ်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။


စုပေါင်းလမ်းလျှောက်ပွဲကို မလှိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်မှ မီးပွိုင့် လမ်းဆုံ၊ ထိုမှတဆင့် မိတ္ထီလာ-မြင်းခြံလမ်းမကြီးတစ်လျှောက် မြို့မအားကစားကွင်းအထိ အသွား/အပြန် (၂)မိုင်ခရီးကို စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)