ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူများအတွက် အာဆီယံအပေါင်း (၃)နိုင်ငံများ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဆန်လှူဒါန်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူများအတွက် အာဆီယံအပေါင်း (၃)နိုင်ငံများ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဆန်လှူဒါန်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

 




MNP - ဒီဇင်ဘာ   ၅


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူများအတွက် အာဆီယံအပေါင်း (၃)နိုင်ငံများ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဆန်လှူဒါန်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်(၁၁)နာရီအချိန်က မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူးရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက ဆန်ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူ(၄၀)ဦးအား ဆန်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။


ဂွမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူ(၄၀)ဦးမှာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့မှ ပြည်သူများဖြစ်ကြပြီး နိုင်ငံ့ဝန်ထမ်း(၂)လည်း ပါဝင်ကြောင်း သိရပြီး ပြည်သူတစ်ဦးလျှင် ဆန်(၄)ပြည်စီ လက်ခံရရှိခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)