ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ ဒီဇင်ဘာလ   ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်  လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဂွချောင်းတံတား ဖွင့်လှစ်နိုင်ရေး၊ စိန်ရတုလွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအသိ လုံခြုံရေးသတိရှိကြစေရေးနှင့် လိုအပ်ချက်များအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ၊ လမ်းများ သန့်ရှင်းရေးအတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊  ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဌာနများအား ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ရုံးတွင်း/ပြင် သန့်ရှင်းရေးအား ဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ မြို့နယ်စီမံကိန်းကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ထားပြီဖြစ်သည့်အတွက် ပြည်နယ်အတွက်ရရှိသည့် ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် အဆိုပြုတင်ပြထားသည့် လုပ်ငန်းများတွင်ထူးခြားမှုများရှိပါက အချိန်မီတင်ပြပြီး လုပ်ငန်းများဆောင်ရွက်ကြစေလိုကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်းအား သိရှိစေရေးနှင့် မြို့နယ်လဝကမှ သင်တန်းများ ပို့ချပြီး ကောက်ကွက်များအလိုက်  မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုပါက မြို့နယ်ထွေ/အုပ်တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းကို အသိပေးပြောကြားလိုကြောင်း၊ ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့် လည်း ပူးပေါင်းပါဝင်  ဆောင်ရွက်ကြစေလိုပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်  အခြေအနေများကိုလည်းကောင်း ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)