(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် တောင်ပေါ်(မ)ကျေးရွာ ကွန်းကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် တောင်ပေါ်(မ)ကျေးရွာ ကွန်းကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP   -   ဒီဇင်ဘာ ၃၀

 (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးလက်ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို၊ ယမန်နေ့ နံနက်(၉) နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တောင်ပေါ်(မ)ကျေးရွာအဝင် မုဒ်ဦးတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက VDP စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် လမ်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တောင်ပေါ်(မ)ကျေးရွာ ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာသည့် ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး ဟိန်းဆက်၊ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကို လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်သည်။ ယင်းနောက် တပ်နယ်မှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဥက္ကဋ္ဌနှင့်ကျေးရွာ VDP စီမံ ကိန်းကော်မတီဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ်ကို မုဒ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာကော်မတီဝင်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး၊ တပ်နယ်မှူး၊ ခရုင်ဦးစီးမှူး၊ မြို့နယ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်တစ်လျှောက် လှည့်လည်ကြည့်ရှုအားပေးကြကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ ကွန်ကရစ်လမ်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ငွေ(၁၀)သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ(၃)သန်း စုစုပေါင်း (၁၃)သန်းဖြင့် လမ်းအရှည် ၅၂၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းအား (၁၅-၈-၂၀၂၂)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ (၂၉-၈-၂၀၂၂) ရက်နေ့တွင် တစ်ရာရာခိုင်နှုန်းပြီးစီးခဲ့ပြီးဖြစ်ရာ၊ ယခုအခါ ကျေးရွာအိမ်ထောင်စု(၁၀၄)စု၊ လူဦးရေ(၇၁၂)ဦးတို့အတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတို့အတွက်၊ အစဉ်ပြေချောမွေ့စွာသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့်၊ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်နှင့် တပ်နယ်တာဝန်ရှိသူများ၊ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ စုစုပေါင်းအင်အား (၁၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)