ကရင်ပြည်နယ်အစိုးရအဖွဲ့ လူငယ်ရေးရာကော်မတီ(၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့ လူငယ်ရေးရာကော်မတီ(၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP -  ဒီဇင်ဘာ ၂၁

လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူငယ်ရေးရာကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူငယ်ရေးရာကော်မတီအနေဖြင့် အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားကို လူငယ်များဟုသတ်မှတ်ပြီး လူငယ်များ၏ အရေးအရာကိစ္စရပ်များသည် အနာဂတ်တိုင်းပြည် ကိုတည်ဆောက်ရာတွင်အရေးကြီးသည့်အတွက် လူငယ်ရေးရာ မူဝါဒနှင့်မဟာဗျူဟာ စီမံချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့လိုကြောင်း၊ လူငယ်များသည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ရှိဖို့လိုပြီး အကောင်းမြင်စိတ်ရှိသည့် လူငယ်များဖြစ်လာစေရန် ဘက်ပေါင်းစုံမှလေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ လူငယ်များပညာရည်မြင့်မား၍ အသိပညာဗဟုသုတနှင့်ပြည့်စုံစေရေး၊ ဗလ ငါးတန်ဖွံ့ဖြိုးရေး အတွက် အားလုံးတွင်တာဝန်ရှိပြီး ကဏ္ဍအလိုက်တာဝန်ယူဆောင်ရွက်ကြဖို့လိုကြောင်း၊ နိုင်ငံတကာ နှင့်ရင်ဘောင်တန်းနိုင်သောလူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်လိုပြီး လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များနှင့်မူဝါဒများကို ဌာနအားလုံးသိရှိလိုက်နာ ဆောင်ရွက်ဖို့လိုကြောင်း၊ လူငယ်ရေးရာနှင့်ပတ်သက်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။


ထို့နောက် လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ပြည်နယ်အတွင်း လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အသိပညာပေးနိုင်ရေး၊ ဆွေးနွေးပွဲများကျင်းပနိုင်ရေး အစရှိသည့် လူငယ်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး ပြည်နယ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးကာ ကော်မတီအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ကော်မတီရုံးဖွင့်လှစ်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့်လူငယ်ရေးရာဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)