ခရစ်စမတ်နေ့တွင် ငွေဆောင်ကမ်းခြေ၌ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရစ်စမတ်နေ့တွင် ငွေဆောင်ကမ်းခြေ၌ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ





MNP -  ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေတွင် ယမန်နေ့ ဒီဇင်ဘာလ၂၅ရက်နေ့၊ ခရစ်စမတ်နေ့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူကြသော ပြည်တွင်း၊ပြည်ပ ခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။


ငွေဆောင်ကမ်းခြေသည် သဲသောင်ပြင်သန့်ရှင်းခြင်းနှင့် ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့် အနားယူရန် နေရာကောင်းဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားရာ နေရာတစ်ခုဖြစ်သည်။ ငွေဆောင်ကမ်းခြေမှတစ်ဆင့် လိပ်ကျွန်း၊ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်၊ ဆင်မကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းများသို့ သွားရောက်လည်ပတ်နိုင်သည်။


ငွေဆောင်ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး၊ ကမ်းခြေစျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိစေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးတို့အတွက် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ပေးနေကြောင်း သတင်းရသည်။


ကျော်လင်းဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)