နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာသင်နှစ်အလိုက်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာသင်နှစ်အလိုက်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ


MNP -  ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ဒီဇင်ဘာ(၂၈)ရက် နံနက်(၉) နာရီခွဲ က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာသင်နှစ်အလိုက် ဆုရရှိသူများအား ဆုချီးမြှင့် ပွဲအခမ်းအနားကို အဆိုပါ နည်းပညာတက္ကသိုလ်ရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်) မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက ယနေ့ကျင်းပပြုလုပ်သည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့်အတူ ပညာသင်နှစ်အသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား/ကျောင်းသူ အဆောင်များတွင် စံပြအဖြစ် နေထိုင်သွားကြသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆုများပေးအပ်ချီးမြှင့် သွားမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများများအနေဖြင့် “အသိဉာဏ်မှ စွမ်းရည်ပြည့်ဝ နှလုံးလ” ဆိုသည့် ကျောင်း၏ ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ ဘဝရည်မှန်းချက်များအတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ကြိုးစား သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမအနှစ်အတန်းများ၊ ဒုတိယနှစ်အတန်းများ၊ တတိယနှစ် အတန်းများ၊ စတုတ္ထနှစ်အတန်းများ၊ ပဉ္စမနှစ်အတန်းများမှ ဘာသာရပ်အလိုက် ထူချွန်ခဲ့သည့် ကျောင်းသား/ ကျောင်းသူ(၃၃)ဦးနှင့် စံပြအဆောင်နေထိုင်သူ ကျောင်းသူ(၂)ဦးအား ပါမေ္ခာချုပ် ဒေါက်တာခင်မောင်ချင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်ဦးအောင်သူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပြီး Civil ဒုတိယနှစ်ကျောင်းသား မောင်ပြည့်ဦးဇင်က ကျောင်းသား/ကျောင်းသူအသစ်များအား နွေးထွေးစွာကြိုဆိုသည့်အနေဖြင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်ခြင်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီ Civil ပထမနှစ်ကျောင်းသူ မဇင်မွန်မွန်အိက ကြိုဆိုပွဲပြုလုပ်ပေးခဲ့သည့် ပါမေ္ခာချုပ် ဒေါက်တာခင်မောင်ချင်းနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)