(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းဆောင်သစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းဆောင်သစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်ပေး



MNP  -   ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အေးမြသာယာရပ်ကွက်၊ ဘုရင့်နောင်လမ်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ လမ်းအား ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းလုပ်ငန်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ၁၃၀၀ပေ၊ လမ်းအကျယ်၁၀ပေနှင့် ထု ၆ လက်မရှိကြောင်း သိရသည်။

      ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သို့ သွားရောက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မဟော်သဓာ(၄) ထပ် စာသင်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီးနောက် စာသင်ဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည် တည်တံ့စေရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာခဲ့သည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “စာသင်ဆောင်သစ်အား ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် စာသင်ဆောင် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ပြီဖြစ်ပါကြောင်း၊ စွမ်းရည်မြင့်မားသည့် ဆရာ၊ ဆရာများမှ အရည်အချင်းပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း နည်းပညာတိုးတက်မြင့်မားလာသည်နှင့်အမျှ မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက်အောင် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ကျောင်းဆောင်သစ်အား ရေရှည်တည်တံ့စေရန်  တစ်ဦးချင်းမှစ၍ ဝိုင်းဝန်း ထိန်းသိမ်းရမည် ဖြစ်ပါကြောင်းနှင့် အနာဂတ် နိုင်ငံတော်ကြီးအတွက် အားထားရသော သားကောင်း၊ သမီးကောင်းများ ဖြစ်ပါစေကြောင်း” တိုက်တွန်းပြောကြားသည်။ ယင်းနောက် ခိုင်ရတီကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက လေးထပ်စာသင်ဆောင်နှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြား၍ ကွန်ပျုတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်တန်းနှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ၏ အဆို၊ အကများဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကံလှကျေးရွာအုပ်စု၊ တောင်သူ ဦးကျော်ဒွေး၏ လယ်မြေ (၃)ဧကတွင် ၂၀၂၂-၂၀၂၃ခု နှစ်၊ ဆောင်းသီးနှံ (နေကြာ)ဆင်းရွှေကြာ(၂)၊ မျိုးစေ့ထုတ် စိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးရေး၊ မျိုးကောင်း မျိုးသန့်များ ပိုမိုစိုက်ပျိုး ထုတ်လုပ်စေရေး မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)