ခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲပြုလုပ်





MNP  -   ဒီဇင်ဘာ  ၃၀

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ် ခဲ့ ကြောင်းသိရသည်။


ရှေးဦးစွာ ခရိုင်စည်းရုံရေးကော်မတီ ဉက္ကဋ္ဌ ဦးနေဦးက   လူငယ်တွေကို အန္တရာယ်တွန်းပို့နေတဲ့ ဂိမ်းကစားခြင်း၏ ဆိုး ကျိုးများ ၊ ဂိမ်းကစားခြင်းအားဖြင့် စိတ်ဓာတ်ရေးရာ ပျက်ပြားရုံသာမက ၊ ဖုန်း၏ အလင်းကြောင့် အမြင်အာရုံထိခိုက် လာနိုင်သည့်များကို အသိပေးဟောပြောပြီး ခရိုင်စည်းရုံရေးကော်မတီ ဒုတိယ ဉက္ကဋ္ဌ ဦးရွှေလှအောင်က  ဆောင်းဦးရာ သီ တွင် သတိပြုစရာများ ခေါင်းစဉ်ဖြင့်  ဆောင်းရာသီအတွင်း အစားအစာများ စားသောက်ရာတွင်  ဆောင်ရန် ၊ရှောင် ရန် များ ၊ တစ်ကိုယ်ရေ သန့်ရှင်ရေးဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ကလေးငယ်များတွင် ဖြစ်ပွားသော ကလေးတီဘီရောဂါ ခေါင်း စဉ်ဖြင့်  ကလေးများ တီဘီကူးစက်ခံရမှု နှင့် ရောဂါလက္ခဏာများ ၊  ကလေးများအား တီဘီကာကွယ် ဆေးထိုးနှံပေး သည့် အခြေအနေများ စသည့်တို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူက လျှပ်စစ် ကို လိုအပ်မှ သုံးချွေတာသုံး ဘေးကင်းလုံခြုံသတိရှိစေလျှင် ခေါင်းစဉ်ဖြင့် လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့် အချက် များ ၊ သုံးစွဲယူနစ်တိုင်းတာနိုင်မှုများ ၊ ထမင်းပေါင်းအိုး နှင့် ရေနွေးအိုးများ သုံးစွဲရာတွင် သတိထားသင့်သည့် အချက်များ ၊ နေအိမ်များတွင် မီးသီး ၊ မီးချောင်းများ မလိုအပ်သောအချိန်တွင် ပိတ်ထားသင့်သည်များကို  အသိပညာပေး ဟောပြော ပေးခဲ့ကြောင်းသိရသည်။ ယင်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား ဆောင်းတွင်း ဝတ် ဆင် နိုင်ရန်အတွက်  အနွေးထည် အင်္ကျီများအား ခရိုင်စည်းရုံရေးကော်မတီ ဉက္ကဋ္ဌ ဦးနေဦး  နှင့် တာဝန်ရှိသူများက  ဝန်ထမ်း များ လက်ဝယ်သို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်စည်းရုံရေးကော်မတီ ဉက္ကဋ္ဌ ဦးနေဦး ၊ ခရိုင်စည်းရုံရေးကော်မတီ ဒုတိယ ဉက္ကဋ္ဌဦးရွှေလှအောင်၊  ခရိုင်ကျန်းမာရေးဦးစီးဌာန ၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၊ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)