တာလေမြို့၌ လမ်းအဆင့်မြှင့်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၌ လမ်းအဆင့်မြှင့်ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

 


MNP - ဒီဇင်ဘာ ၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့်  အမှတ်(၄)ရပ်ကွက်(၄/၈)လမ်း၊ လွန်းကျိုင်းရွာ အဝင်လမ်းနှင့် တော်ကော့-မအန်ခန်- ဖွေးဟိုင်းကျေးရွာချင်းဆက်လမ်းများ လမ်းအဆင့်မြှင့်တင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ အမှတ်(၄)ရပ်ကွက်(၄/၈)လမ်း အရှည်(၁၆၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် (၆.၂)သန်းဖြင့် လည်းကောင်း၊ လွန်းကျိုင်းရွာအဝင်လမ်း အရှည်(၁၈၀)ပေ၊ အကျယ် (၁၀)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် (၅.၈)သန်းဖြင့် လည်းကောင်း၊ တော်ကော့-မအန်ခန်- ဖွေးဟိုင်းကျေးရွာချင်းဆက်လမ်း အရှည်(၁၈၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ်(၅.၈)သန်းဖြင့်လည်းကောင်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ၍ ယနေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ချုပ်ရေးမှူးများနှင့် မြို့စည်ပင်သာရေးဌာနတာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


သတင်း - သန်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)