နတ်မောက်မြို့နယ် န/ကျားထူးကျေးရွာတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် န/ကျားထူးကျေးရွာတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ပြုလုပ်




MNP   -   ဒီဇင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က န/ကျားထူးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးနိုင်မှ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများနှင့် အသက်(၁၈)ပြည့်ပြီးသူတိုင်း  နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်း လက်ဝယ်ကိုင်ဆောင်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများကလည်း မိမိတို့ကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိက မိမိတို့ဌာနအနေဖြင့် နွေးစပါးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး တောင်သူများအား အထွက်နှုန်းကောင်း မျိုးကောင်း၊ မျိုးသန့်များရရှိနိုင်ရေး စပါးမျိုး ဖြန့်ဝေပေးမှု အခြေအနေများ၊ ဆောင်းသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် စိုက်ပျိုးရေးတောင်သူများအား သဘာ၀မြေဩဇာ ထောက်ပံ့ပေးမှုအခြေအနေနှင့်  တောင်သူများအနေဖြင့် မြေဆီဩဇာစျေးမြင့်တက်နေချိန်တွင် သဘာ၀မြေဆွေးဖြင့် မြေဆီပြုလုပ်နိုင်မှု အခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ပြည်သူများကလည်း ကျန်းမာရေး၊ ပညာရေး၊  လမ်းပန်းဆက်သွယ်ရေး၊  စိုက်ပျိုးရေးစသည့် လုပ်ငန်းများနှင့်ပတ်သက်၍တင်ပြဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများကလည်း လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ပေးသွားမည့် အကြောင်းအရာများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမှ ဒုတာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)