မြဝတီမြို့၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားမြဝတီမြို့၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြဝတီမြို့၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားမြဝတီမြို့၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား


119

120


MNP -  ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပုလဲလမ်းသွယ်၊ တောင်တန်းဘုန်းကြီးကျောင်းအနောက်တွင် ယနေ့နံနက် ၅ မိနစ်အချိန်ခန့်က  နေအိမ်၏ မီးဖို မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၂ လုံးထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့စခန်းမှ အရန် မီးသတ် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ၊ ပုဂ္ဂလိက ရေသယ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပုလဲလမ်းသွယ်၊ တောင်တန်းဘုန်းကြီးကျောင်း အနောက်ရှိ ဒေါ်တင်ကြည်(ခ)ဒေါ်မြလေး ပိုင်ဆိုင်သော ခြံဝန်းအတွင်း ငှားရမ်းထားသည့် ပုံစံတူ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လုံးချင်းအိမ် ၁၂ လုံးရှိသည့်အနက် အိမ်ငှားနေထိုင်သူ ဦးဌေးလွင်၏ နေအိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးဖိုအောက်ကြမ်းခင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။


မီးလောင်မှုနှင့် ပတ်သတ်၍ မီးပေါ့ဆစွာအသုံးပြုသူ ဦးဌေးလွင်အား မြဝတီမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိန်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages