မြို့သစ်တွင်ငရုတ်သီးစိမ်း စျေးနှုန်းများပြန်လည်ကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်တွင်ငရုတ်သီးစိမ်း စျေးနှုန်းများပြန်လည်ကျဆင်းလာ





MNP -  ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် ငရုတ်သီးစိမ်းစျေးများ ထက်ဝက်ခန့်ကျဆင်းလာကြောင်း သိရသည်။ 


"ငရုတ်သီးစိမ်းကမီးဖိုချောင်သုံးစားစရာရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ငရုတ်သီးစိမ်းစျေး ၁၀၀၀/ ၁၅၀၀ ဈေးကနေ တဖြည်းဖြည်း တက်လာကာ တစ်ပိဿာကို ၄၀၀၀/ ၄၂၀၀ ကျပ်ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ငရုတ်သီးပင်စိုက်ပျိုးသည့် ငရုတ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။


 အခုရာသီအကူးအပြောင်း ငရုတ်သီးများပေါ်ချိန်မှာ ၁၈၀၀/ ၂၀၀၀ ကျပ်အထိဈေးကျသွားတဲ့အတွက် ငရုတ်ပင်စိုက်ပျိုးကြတဲ့ ကျွန်တော်တို့တောင်သူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန်ကြိုးစားပြီး ရောင်းချနေကြရပါတယ်"ဟု ငရုတ်စိုက်တောင်သူတစ်ဦးက ပြောသည်။


ငရုတ်သီးစိမ်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်ကငရုတ်သီးစိမ်းများကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုငရုတ်သီးစိမ်းစိုက်ပျိုးမှုကို မြေအောက်ရေအသုံးပြုကာ ရာသီမရွေးစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင်နွေရာသီအတွက် ငရုတ်သီးစိမ်းထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး ငရုတ်ပင်များအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာမျိုးစေ့၊ ပျိုးပင်း၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက်သွင်းအား စုစရိတ်ပိုကြောင်း၊ ယခင်ငရုတ်သီးစိမ်းစျေး (၄၀၀၀/ ၄၂၀၀) ကျပ်စျေးမှ ယခုအခါ ငရုတ်သီးစိမ်းစျေးများ (၁၈၀၀/ ၂၀၀၀)ကျပ် စျေးအထိ ထက်ဝက်ခန့်ကျဆင်းလာကြောင်း ငရုတ်စိုက်တောင်သူတစ်ဦးထံက သိရသည်။


သန်းဝင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)