ားဝယ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ားဝယ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ





MNP  -  ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်ပညာရေး ဒီဂရီကောလိပ်တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ ၌ကျင်းပရာ ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းနှင့် ဆရာ/မများ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့် ဝန်ထမ်းများ၊ ကျောင်းသား /သူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေဦးစွာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက လူငယ်များ သည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ထူးခြားသော အင်အားစုတစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသော ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်ရေးရာ ကိစ္စရပ်များကို အရှိန်အဟုန် မပြတ်ဆောင် ရွက်လျက်ရှိကြောင်း၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အတွေးအခေါ်များ မှန်ကန်စေရန်နှင့် ဗလငါးတန် ဖွံဖြိုးတိုးတက်ရေး ကဏ္ဍများနှင့် ပတ်သက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (Social Media) လူမှုမီဒီယာများကို အသုံးချပြီး အတွေးအမြင်လွဲမှားအောင် အလွယ်တကူ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရကြောင်း၊ (Social Media) လူမှုမီဒီယာအားကောင်းနေသည့် ကာလတွင် လူမှုမီဒီယာတွင် ရေးသားချက်များအပေါ် မိမိတို့၏ ပညာကို အခြေခံပြီး ဆင်ခြင်တုံတရား၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းဖြင့် ဉာဏ်ပညာပြည့်ဝ နေရန်လိုအပ် ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်တင့်က ညှိနှိုင်းရေးမှူး(Moderator)အဖြစ် ဆောင်ရွက်ပြီး ပညာရေးကဏ္ဍအား အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြကြောင်း၊ ပညားရေးခရီးလမ်းအား လူငယ်များအနေဖြင့် စိန်ခေါ်မူများစွာ ရှိနေကြောင်း၊  ကျန်းမာကြံ့ခိုင်နေသော လူငယ်များသည် ကျန်းမာခြင်း၏ တန်ဖိုးကို အမှုမဲ့ အမှတ်မဲ့ နေထိုင်ကြသည်ကို တွေ့ရကြောင်း၊ အားကစားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အမျိုးသမီးကဏ္ဍများနှင့် ပတ် သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ဆွေးနွေးပြောကြားသူများအဖြစ် ထားဝယ်ပညာရေးဒီဂရိကောလိပ်မှ မောင်ဖြိုးဥက္ကာကျော်ကျော် ဒုတိယနှစ်(ပထမနှစ်ဝက်)၊ မောင်သက်အောင် ပထမနှစ် (ဒုတိယနှစ်ဝက်)၊ မောင်ဇွဲမာန် ပထမနှစ် (ပထမနှစ်ဝက်)၊ မခင်ပြည့်ဝင်း ဒုတိယနှစ်(ပထမနှစ်ဝက်)နှင့် မဇာခြည်ထွေး ပထမနှစ်(ဒုတိယနှစ်ဝက်)တို့က  လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်‌များယုံကြည်မှုရရှိရန်ပြင်ဆင်ထားရမည့် အကြောင်း၊ လူငယ်‌နှင့် အားကစားအမြင် စသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့၍ ဆွေးနွေးပြောကြား ခဲ့ကြသည်။


ယင်းနောက် ဆွေးနွေးပြောကြားပေးသော ကျောင်းသား/သူများအား တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက အမှတ်တရ လက်ဆောင်ပေးအပ်ပြီး ကျောင်းအုပ်ကြီးဒေါ်နီနီသန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)