ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ




MNP  -  ဒီဇင်ဘာ  ၃၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရခိုင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။


ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်အား စစ်ကြောင်းဖြင့် ချီတက်အလေးပြု ကြပြီး ပြည်နယ် ပညာရေးမှူးက အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ဆက်လက် ပြည်နယ်ပညာရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြကာ စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစား သမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။


ထို့နောက် အားကစားပြိုင်ပွဲ ဖွင့်ပွဲအဖြစ် မောင်တောခရိုင် အမျိုးသားဘောလုံးအသင်းနှင့် သံတွဲခရိုင်အသင်းတို့ ယှဉ်ကစားကြရာ သံတွဲခရိုင် အသင်းက ၃ ဂိုး ၀ ဖြင့် အနိုင်ရရှိသွားသည်။


အားကစားနှင့်ကာယပညာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်ဖွံ့ ဖြိုးလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာ ကျောင်းသား အားကစားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။


အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ  ပြည်နယ်အတွင်းရှိ ခရိုင်(၅)ခရိုင်မှ ခရိုင်တစ်ခရိုင်လျှင် အင်အား (၁၀၁) ဦး ပါဝင်ကြပြီး ပြိုင်ပွဲတွင် အားကစားနည်း (၄)မျိုးပါဝင်ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပြေးခုန်ပစ် ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်သည်။


အဆိုပါ အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၃ ဇန်နဝါရီ ၅ ရက်နေ့ထိကျင်းပသွား မည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဓညဝတီအားကွင်းတွင် ကျင်းပသွားမည်ဖြစ်ကာ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲကို ဓညဝတီအားကစားခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)