ကြံခင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်



MNP  -   ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊   မြန်အောင်ခရိုင်၊ ကြံခင်းမြို့အမှတ်(၁)  အခြေခံပညာအထက်တန်း ကျောင်းတွင်   ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)  စာစီစာကုံး၊ ကဗျာ၊  ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲတွင် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင် ကြရာ စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူ (၉)ဦးက "လွတ်လပ်ရေးနေ့မမေ့စရာ”၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၆)ဦးက "စိန်ရတုလွတ်လပ်ရေးအဓိဋ္ဌာန်”နှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၇)ဦးမှ "လွတ်လပ်ရေး၏ အနှစ်သာရ” ခေါင်းစဉ်များဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ (၆)ဦးမှ "ဆင်နွှဲတူပျော် စိန်ရတုလွတ်လပ်ရေးပွဲတော်”နှင့် အထက်တန်းအဆင့် ကျောင်းသား/သူ (၇)ဦးမှ "ညီညာပေါင်းစည်းလွတ်လပ်ရေးခရီး”ဖြင့် လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ (၇)ဦးက "စိန်ရတုလွတ်လပ်ရေးနေ့နှင့် အမျိုးသားရေးတာဝန်”ဖြင့်လည်းကောင်း၊ (ထက်၊ လယ်၊ မူ) ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၅)ဦးက "လွတ်လပ်ရေးကြီးအဓွန့်ရှည်တည် တိုင်းရင်းသားတို့စုပေါင်းညီ” ခေါင်းစဉ်ဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများတွင်  ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသား/သူများအား  ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)