ဒဂုံမြို့နယ်တွင် ဒီဇင်ဘာအားကစားလ (နောက်ဆုံးအပတ် )လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် ဒီဇင်ဘာအားကစားလ (နောက်ဆုံးအပတ် )လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ



MNP  -  ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ယနေ့နံနက် ၅း၃၀ နာရီ အချိန်ကစ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ (နောက်ဆုံးအပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှုအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားသိပ္ပံနှင့် ကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ ပြည်သူလူထုများ၊ စုစုပေါင်းအင်အား (၁၉၀၀)ကျော်သည် ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်စုရပ်မှ ပြည်လမ်းဓမ္မစေတီလမ်း၊ တော်လှန်ရေးပန်း ခြံနှင့်ဦးဝိစာရလမ်းအတိုင်း အနောက်ဘက်မုခ်ဝင်ပေါက်မှ စုရပ်နေရာသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။


ထို့နောက်စုရပ်တွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။ လူထုအားကစားလ (နောက်ဆုံးအပတ်) စုပေါင်းလမ်းလျှောက်ပွဲတွင် ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များလည်း ပျော်ပျော်ပါးပါးပါဝင်လမ်း လျှောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ကြည်ဇေသော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)