ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

 



MNP - ဒီဇင်ဘာ  ၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံ (နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများ ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့်ကျေးရွာများ အရောက်ကွင်း ဆင်းကြည့်ရှုခဲ့သည်။


ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ ဝင်များက ရန်ကင်းစံရာကျေးရွာအုပ်စု၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း ကျေးရွာအုပ်စုတို့ရှိ သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ (နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅)အုပ်စုတွင် နေကြာ(သီးသန့်) စိုက်ဧက၁၀၂၆၉ဧက၊ နေကြာ(သီးညှပ်)စိုက်ဧက ၃၄၂၃ဧက၊ ပဲမျိုးစုံ ၇၈၇၈၀ဧက၊ ပြောင်း ၁၃၀၈၈ဧကနှင့် ငရုပ် ၂၄၇၀ဧက စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှသိရသည်။


သတင်း- ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)