ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်





MNP   -  ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ(အ.ထက)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါ်အေးအေးကြူက "လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာရည် ပြည့်ဝစေရေးအတွက် သတိပြုလိုက်နာရမည့် အချက်များနှင့် ကိုယ်ကျင့်သီလ ကောင်းမွန်စေရန် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန် လင်းက "လူငယ်နှင့် ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် လူငယ်များ၏ အနာဂတ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင်ထားပြီး ကြိုးစားအားထုတ်ရမည့် အချက်များနှင့် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေမည့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောသည်။


ဆက်လက်၍  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန် ကြိုးပမ်းလုပ်ဆောင်ရမည့် အားကစားလေ့ကျင့်မှုဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။


ဟောပြောပွဲအပြီးတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွက် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အားကစား လေ့ကျင့်နိုင်ရန် ကျောင်းအုပ်ဆရာမကြီးထံ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာ ဖတ်ရှုခဲ့ကြသည်။


အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားလာစေရန်၊ နိုင်ငံအတွက် အားကိုးအားထား ပြုရသော ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာစေရန် ၊ ဗလငါးတန် ဖွံ့ဖြိုးခြင်းနှင့် အတူ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာရည်  ထက်မြက်ပြည့်စုံသောသူများ ဖြစ်လာစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဦးရေ ၂၂၆ ဦး တက်ရောက်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။  


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)