လေးမျက်နှာမြို့နယ် ဘုတ်ချောင်းကျေးရွာအုပ်စု၊ ထိန်ကျော်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီရွေးချယ်ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ် ဘုတ်ချောင်းကျေးရွာအုပ်စု၊ ထိန်ကျော်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီရွေးချယ်ဖွဲ့စည်း


MNP  -  ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဘုတ်ချောင်းကျေးရွာအုပ်စု  ထိန် ကျော်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းအား (၃)နှစ်ပြည့်ပြီးဖြစ်သောကြောင့် ကျေးရွာကော်မတီ အသစ်ပြန်လည်ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိူးကျေးဇူးများ၊ ကျေးလက် နေပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များ၊ ကျေးလက်ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခွင့်ရသော ထိန်ကျော်ကျေးရွာတွင် ဆောင်ရွက်မည့်စီမံကိန်းအကြောင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီရွေးချယ်ရမည့် အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များကို ဆန္ဒမဲစနစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ် ပေးကြသည်။ ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့် ငွေအရင်း အနှီးများ ရရှိစေရန် ရည်ရွယ်၍  မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အဆိုပါကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုနှစ်တွင် (၃)နှစ်ပြည့်ပြီ ဖြစ်သောကြောင့် ကျေးရွာ ကော်မတီအသစ် ပြန်လည်ရွေးချယ်ပေးခြင်းဖြစ်ကြောင်း သိရသည်။


လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာ အပါအဝင် စီမံကိန်းကျေးရွာ ၁၄ရွာထိရှိလာပြီဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။


ကျော်ဟိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)