ကင်ဘာရာမြို့အခြေစိုက်၊ အာဆီယံ-ကင်ဘာရာကော်မတီ အစည်းအဝေးနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကင်ဘာရာမြို့အခြေစိုက်၊ အာဆီယံ-ကင်ဘာရာကော်မတီ အစည်းအဝေးနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း တက်ရောက်





MNP ၊ ဒီဇင်ဘာ ၁၆

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ Commonwealth Club ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က ကျင်းပခဲ့သော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံ-ကင်ဘာရာ ကော်မတီ အစည်းအဝေးနှင့် အင်ဒိုနီးရှားသံရုံးသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အစည်းအဝေး တို့သို့ ကင်ဘာရာမြို့ အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ထွန်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် သံရုံးများနှင့် ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အပါအဝင် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများ၊ ကင်ဘာရာမြို့ အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ လုပ်ငန်းအဖွဲ့တို့မှ သံရုံးဝန်ထမ်းများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)