လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အထက (၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦဂသန်းဇင်မှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အထက (၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦဂသန်းဇင်မှ ကွင်းဆင်းစစ်ဆေး

 


MNP - ဒီဇင်ဘာ  ၂


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)  မြို့နယ်၊ အထက (၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက် ၁၁အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါစစ်ဆေးရာတွင် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား/ ကျောင်းသူများ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်စေရေးနှင့်ဘက်စုံဖွံဖြိုးတိုးတက်စေရေးတို့အတွက် ကျောင်းကျန်းမာရေးဆေးခန်း၊ ကျောင်းစာကြည့်တိုက်နှင့်အားကစားကွင်းများကို စစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အထက (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


 သတင်း - မြင့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)