စစ်တက္ကသိုလ်၏(၆၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တက္ကသိုလ်၏(၆၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ



MNP ၊ ဒီဇင်ဘာ ၃

စစ်တက္ကသိုလ်၏ (၆၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဇော်မင်းလတ်၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ်သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။


ဦးစွာစစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဝင်ရောက်၍ ဘွဲ့နှင်းသဘင်ခန်းမသို့ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။


ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။


ဆက်လက်၍ ပါမောက္ခချုပ်က ဝိဇ္ဇာဘွဲ့ရရှိသူ (၅၅)ဦး၊ စီးပွားရေး ပညာဘွဲ့ရရှိသူ (၁၇)ဦး၊ ဝါဏိဇ္ဇဘွဲ့ ရရှိသူ(၉)ဦး၊ သိပ္ပံဘွဲ့ရရှိသူ (၂၀၆)ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ ရရှိသူ(၈၁)ဦးနှင့် ကွန်ပျူတာ နည်းပညာဘွဲ့ ရရှိသူ(၇၉)ဦး စုစုပေါင်း (၄၄၇)ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။


ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာ ဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။


၎င်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်း သဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။


စစ်တက္ကသိုလ် အနေဖြင့် ပထမအကြိမ်ဘွဲ့နှင်းသဘင်မှ ယခု (၆၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ကျောင်းဆင်းအရာရှိပေါင်း (၃၃၅၁၂)ဦးကို အခြေခံဘွဲ့များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)